This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ထိုင်းနိုင်ငံက ဗီဇာ ၄ နှစ်ကျော် မြန်မာလုပ်သားတွေ ဘယ်လို ဗီဇာတိုးရမလဲ. Show all posts
Showing posts with label ထိုင်းနိုင်ငံက ဗီဇာ ၄ နှစ်ကျော် မြန်မာလုပ်သားတွေ ဘယ်လို ဗီဇာတိုးရမလဲ. Show all posts

Wednesday, 19 March 2014

ထိုင်းနိုင်ငံက ဗီဇာ ၄ နှစ်ကျော် မြန်မာလုပ်သားတွေ ဘယ်လို ဗီဇာတိုးရမလဲ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ ၄ နှစ်ကျော် သူတွေကို ဗီဇာ သက်တမ်းတိုးနိုင်ဖို့နဲ့တပြိုင်တည်း အရင်သူတို့ ကိုင်ထားကြတဲ့ ထိုင်းနိုင်ငံအတွင်းသာ သုံးခွင့်ရ ယာယီနိုင်ငံကူးလက်မှတ်တွေအစား နိုင်ငံတကာသွားလို့ရတဲ့ သာမန် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပါ။ 

 

ထိုင်းနိုင်ငံ ငါးရုံတခုက မြန်မာအလုပ်သမားတချို့

ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ဟာ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အတွက် ကုစားပေးမယ့် ဆေးတခွက်ဖြစ်သလား၊ ဒါမှ မဟုတ် ပိုမို ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဝန်ပိုတခု ဖြစ် သလား ဆိုတာကိုတော့ အစိုးရ ထုတ်ပြန်ချက်ကို သေချာ ဖတ်ရင် သိနိုင်ပါလိမ့်မယ်။

( ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေးအတွက် ထုတ်ပြန်တဲ့ အစိုးရမှ ကြေညာချက်)
ထိုင်းနိုင်ငံတွင် ပြည်ဝင်ခွင်ဗီဇာသက်တမ်း ၄ နှစ်ပြည့်ပြီး သက်တမ်းထပ်မံတိုးလိုသည့် မြန်မာ အလုပ်သမား များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆိုင်ရာ ကြေညာချက် ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ် လုပ်ကိုင်နေသော ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ၄ နှစ်ပြည့် မြန်မာအလုပ်သမားများအား ဆက်လက် လုပ်ကိုင်နိုင်ရန် .........

သက်ဆိုင်ရာလုပ်ငန်း၏ အလုပ်ရှင်သည် မြန်မာအလုပ်သမားများအတွက် အလုပ်ကမ်းလှမ်းလွှာ၊
အလုပ်သမားများ၏ အမည်စာရင်း၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ချုပ်ဆိုသော အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်၊ ကိုယ်စားလှယ်လွှဲစာ၊ အလုပ်လျှောက်လွှာပုံစံ၊ ထိုင်းအလုပ်ရှင်အမည်ပါသော အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မိတ္တူ၊ အလုပ်သမား၏ ယာယီနိုင်ငံကူး လက်မှတ်မိ တ္တူ၊ နိုင်ငံသားဆိုင်ရာ အထောက်အထားမိတ္တူတို့နှင့်အတူ သတင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ စိစစ်ရေးပုံစံကို ဖြည့်စွက်၍ ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနမှတဆင့် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးသို့ အနည်းဆုံး ၆ လကြိုတင်ပေးပို့ လျှောက်ထားနိုင်ပါသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်သည် အလုပ်သမားများ
ဖြည့် ထားသည့် သတင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနစိစစ်ရေး ပုံစံအား မြန်မာနိုင်ငံရှိ သတင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသို့
ပေးပို့၍နိုင်ငံသားဟုတ် မဟုတ်စိစစ်အတည်ပြုချက်ရယူပြီး ထိုင်းနိုင်ငံရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေး
ရေး ဌာနစိတ်သို့ ပြန်လည်ပေးပို့ မည်ဖြစ်ပါသည်။

နိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြန်ကြားရေးစားရရှိပြီးသော မြန်မာအလုပ်သမားများသည် မြန်မာ သံရုံး ရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၌ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စု ဇယား မူရင်းတို့ အားတင်ပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့မှ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ကို ထုတ်ယူရမည်ဖြစ် ပါသည်။

ထို့နောက်အဆိုပါစာရင်းအား ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနသို့ပေးပိုပြီး အလုပ်သမားများသည် အလုပ်အကိုင်ဌာန၏ အကြောင်းကြားစာ၊ ထိုင်းနိုင်ငံ အလုပ်ရှင်၏ အလုပ်ခေါ်စာ(Demand Letter)
နှင့်အတူ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့များရှိ (One Stop Service Center) များအနက် မိမိတို့ အဆိုပြုထားသော စခန်းများသို့ သွားရောက်၍ အလုပ်ရှင်နှင့် အလုပ်သမား အလုပ်သမား အလုပ် ခန့်ထား မှု ဆိုင်ရာသဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြား ထုတ်ယူ၍ ထိုင်းနိုင်ငံ ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြည်ဝင်ခွင့်ဗီဇာနှင့် ယာယီအလုပ်လုပ်ကိုင်ခွင့်လက် မှတ်(Temporay Work Permit) ရရှိရေး ဆောက်ရွက်ရမည်ဖြစ်ပါသည်။

နယ်စပ်တွင် ပြည်ဝင်ခွင်ဗီဇာ သက်တမ်းတိုးပြီးပါက ထိုင်းနိုင်ငံရှိ မိမိတို့ အလုပ်လုပ်ကိုင်သော မြို့နယ်ရှိ အလုပ်သမားရုံးတွင် အလုပ်လုပ်ကိုင် ခွင့်လက်မှတ် (Work Permit) လျှောက်ထားရမည်ဖြစ်ပါသည်။

ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်ကျော်ရှိသေးသော မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး သာမန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ်တွင် နိုင်ငံသား စိစစ်နိုင်ရေး အတွက် လျှောက်လွှာပေးပို့ပြီး နိုင်ငံသားဟုတ် မဟုတ်စစ်ဆေးအတည်ပြုချက်ရယူမည်ဖြစ်ပါသည်။

သို့သော်နိုင်ငံသားမှတ်ကန်ကြောင်းစိစစ်ပြန်ကြားစာအားစောင့်ဆိုင်ရန် မလိုဘဲအလုပ်သမားများသည် ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန၏ အကြောင်းကြားစာ၊ ထိုင်းနိုင်ငံအလုပ်ရှင်၏ အလုပ်ခေါ်စာ(Demand Letter) နှင့် အတူမယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့များရှိ (One Stop Service Center) များအနက် မိမိတို့အဆိုပြုထားသော စခန်းများသို့ သွားရောက်၍ အလုပ်ရှင်နှင့် အလုပ်သမား အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြားထုတ်ယူ၍ ထိုင်းနိုင်ငံ ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြည်ဝင်ခွင့်ဗီဇာနှင့် ယာယီ အလုပ်လုပ်ကိုင်ခွင့်လက် မှတ်(Temporay Work Permit) ရရှိရေး ဆောက်ရွက်ရမည်ဖြစ်ပါသည်။

နယ်စပ်တွင် ပြည်ဝင်ခွင်ဗီဇာ သက်တမ်းတိုးပြီးပါက ထိုင်းနိုင်ငံရှိ မိမိတို့ အလုပ်လုပ်ကိုင်သော မြို့နယ်ရှိ အလုပ်သမားရုံးတွင် အလုပ်လုပ်ကိုင် ခွင့်လက်မှတ် (Work Permit) လျှောက်ထားရမည်ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းစဉ်အတွက် မြန်မာဘက်မှ ကောက်ခံမည့် ကုန်ကျစရိတ်မှာ ဘတ် ၁၆၀၀ ဖြစ်ပါသည်။ (မှတ်ချက်။ ။ သာမန်နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးပါက စာအုပ်တန်ဖိုးဘတ် ၉၀၀၊ ဒဏ်ကြေး အနေ ဖြင့် စာအုပ်တန်ဖိုး၏ သုံးဆ ၂၇၀၀ ဘတ်နှင့် ဝန်ဆောင်စရိတ်ဘတ်၇၀၀ အပါအဝင် စုစုပေါင်းဘတ် ၄၃၀၀ ကောက်ခံမည်ဖြစ်သည်။)

ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်ကျော်ကိုင်ဆောင်ထားပြီး သာမန်နိုင်ငံကူးလက်မှတ် ပြောင်းလဲ ကိုင်ဆောင်ခြင်းမပြုသူများအတွက် ကောက်ခံမည့် ကုန်ကျစရိတ်မှာ ဘတ် ၇၀၀ ဖြတ်ပါသည်။

အလုပ်သမားများသည် ပွဲစားများနှင့် ဆက်သွယ်ဆောက်ရွက်ခြင်းဖြင့် လိမ်လည်ခံရနိုင်ပါကြောင်းနှင့် အချက်အလက်များ မမှန်မကန်ဖြည့်စွက်ခြင်း၊ အထောက်အထားများကို လိမ်လည်လျှောက် ထားခြင်း တို့ပြုလုပ် ပါက နိုင်ငံကူးလက်မှတ်ရရှိမည်မဟုတ်ကြောင်း အသိပေးပါသည်။

သိလိုသည်များကို မေးမြန်းနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမားသံအရာရှိ(Labour Attache) အားဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်မှာ (၀၀၆၆ ၈၆၇၇ ၄၆၈ ၂၅) ဖြစ်ပြီး မြန်မာနိုင်ငံ တွင်
ရွှေ့ပြောင်း အလုပ်သမားဌာနဖုန်း ၀၆၇ ၄၃၀၁၈၃၊ ၀၆၇ ၄၃၀၁၈၅ သို့ဆက်သွယ်နိုင်ပါကြောင်း ထိုင်းနိုင်ငံရှိ ပြည်ဝင်ခွင့်ဗီ ဇာသက်တမ်း (၄) နှစ်ပြည့်သူများ သိရှိဆောင်ရွက်နိုင်ရန် ထုတ်ပြန်အပ်ပါသည်။


အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

 
ဧရာဝတီ Blog